"စံပယ်ပန်းအကြောင်း သိလား"
"သိတယ်လေ စံပယ်ပန်းဆိုတာ အဖြူရောင်လေး..အနံ့ကလည်း သိပ်မွှေးတာလေ"
"ဒီလောက်ပဲလား"
"အင်းပေါ့..ဘာများ ရှိသေးလို့လဲ" 🤔
"ရှိသေးတာပေါ့။ စံပယ်ပန်းမှာ အမျိုးမျိုး ရှိတယ်။ နာမည်တွေက အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိ၊ စံပယ်နွဲ့တဲ့။ စံပယ်ကို ဘုရားလှူကြတယ်၊ ခေါင်းမှာ ပန်ကြတယ်။ ပန်းခက်နဲ့လည်း ပန်သလို သီကုံးပြီးလည်း ပန်ကြတယ်။ နောက်ပြီးတော့ ဆေးဖက်လည်း ဝင်သေးတာရယ်"
"တကယ်.." ❓
"ဪ..တကယ်ပေါ့။ အနာအုံဆေးအဖြစ် သုံးကြသတဲ့။ စံပယ်ပန်းက အနာကျက်စေတဲ့နေရာမှာလည်း အစွမ်းရှိတဲ့ သဘောနေမယ်"
"စံပယ်ဟာ အတော်အသုံးဝင်တဲ့ပန်းမျိုးပဲနော်"
"ဒါတင်မကသေးဘူး။ တရုတ်နိုင်ငံမှာဆိုရင် စံပယ်လက်ဖက်ခြောက်ဆိုတာ နာမည်ကျော် လူကြိုက်များတယ်။ စံပယ်ပန်းနဲ့ လုပ်တဲ့ မုန့်တွေလည်း ရှိတယ်။ တခြားနိုင်ငံတွေမှာဆိုရင်လည်း အမွှေးအကြိုင်တွေ လုပ်တဲ့နေရာမှာ စံပယ်ဆီကို သုံးကြတယ်" ✨✨
"စံပယ်ကို အဲဒီလို အသုံးပြုတာတွေတင် ဘယ်ကဦးမလဲ၊ အသားအရေအတွက်လည်း ကောင်းကျိုးတွေ အများကြီး ရှိသေးတာ။ စံပယ်ပန်းက ဝက်ခြံတွေ ဖြစ်နေရင် သက်သာစေတယ်။ အသားအရေကို နူးညံ့စေတယ်။ အသားအရောင် မညီမညာ ဖြစ်တာကိုလည်း ပျောက်ကင်းစေတယ်၊ အစိုဓာတ်ကို ထိန်းသိမ်းပေးတယ်။ အရေးအကြောင်းတွေကနေလည်း သက်သာစေတယ်တဲ့" 😊
စံပယ်ပန်းက အလှအပနဲ့ကျန်းမာရေးကိုလည်း အထောက်အကူပြုပါသေးတယ် ...👍
ကျန်းမာရေးအတွက်ဆိုရင် 🤔🤔🤔
🌸အသည်းရောင်အသားဝါရောဂါကိုသက်သာစေတယ်
🌸အသည်းခြောက်ခြင်းကြောင့်ဖြစ်တဲ့ အသည်းနာခြင်း
ကို သက်သာစေတယ်
🌸၀မ်းလျှောခြင်းသက်သာစေတယ်
🌸စိတ်ဖိစီးမှုကိုသက်သာစေတယ်
🌸ကင်ဆာကုသမှုကိုအထောက်အကူပြုတယ်
အလှအပအတွက်ဆိုရင် 🤔🤔🤔
🌸စံပယ်ပန်းရေနွေးကြမ်းက ၀က်ခြံ ၊ အမာရွတ် ၊
အရေပြားပေါ်က ထိခိုက်ဒဏ်ရာတွေကို
သက်သာစေခြင်း
🌸အရေးအကြောင်းတွေကိုသက်သာစေခြင်း
🌸အသားအရေကို နုပျိုစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုပေးစွမ်းပါသေးတယ်
"စံပယ်ပန်းကို မျက်နှာမှာ လိမ်းလို့ ရရင် သိပ်ကောင်းမှာပဲ"
"ဟာ..ရတယ်လေ။ ရွှေပြည်နန်းက ထုတ်တဲ့ စံပယ်သနပ်ခါး ရှိတယ်လေ"
"ရွှေပြည်နန်း စံပယ်သနပ်ခါးက ဘာတွေ ကောင်းသလဲဆိုတာ ပြောပြပါဦး"
အဆင်းရော အချင်းပါပြည့်စုံတဲ့ စံပယ်ပန်းနဲ့သဘာ၀ရှင်မတောင်သနပ်ခါးစစ်စစ်တို့ကို ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ရွှေပြည်နန်းစံပယ်သနပ်ခါးကိုလည်း စံပယ်ချစ်သူတို့ရဲ့ အပါးတော်မှာခေါ်ထားကြဖို့မမေ့နဲ့နော်....😍
#ရွှေပြည်နန်း
#မြန်မာနိုင်ငံရဲ့အကောင်းဆုံးထဲကတစ်ခု