✨ ရှင်မတောင် ဆိုတာ✨
ရှင်မတောင်လို့ ဆိုလိုက်ရင် သနပ်ခါးအမည်တစ်ခုအဖြစ်ပဲ ပြေးမြင်ကြမှာပါ။
တကယ်တော့ ရှင်မတောင် ဆိုတာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၇၂၃ ပေ မြင့်တဲ့ တောင်တစ်ခုရဲ့ အမည် ဖြစ်ပါတယ်။ ⛰️
တည်ရှိရာကတော့ မကွေးတိုင်းဒေသကြီး၊
ရေစကြိုမြို့နယ်အတွင်းမှာပါ။ ရေစကြိုဆိုတာ ချင်းတွင်းမြစ်ကမ်းနံဘေးမှာ ရှိတဲ့ မြို့နယ်၊ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် စုဆုံရာ မြို့နယ်။ ရှင်မတောင် ရှိတဲ့အရပ်ကို ရှင်မတောင်မြေလို့လည်း ခေါ်ကြပါတယ်။ 🌳
ရှင်မတောင်မြေမှာ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ သနပ်ခါးဟာ မွှေးပျံ့ညက်ညောပါတယ်။
အဲဒီလို ထူးခြားမှုကြောင့်လည်း ရှင်မတောင်သနပ်ခါးရယ်လို့ နိုင်ငံအနှံ့ ကျော်ကြားခဲ့တာပါ။
'သနပ်ခါးယဉ်ကျေးမှုအစ ရှင်မတောင်က' လို့ ဆိုကြသလိုပဲ 'ရှင်မတောင်အပွေးသနပ်ခါးအစ ရွှေပြည်နန်းက' လို့ ဆိုနိုင်ပါသေးတယ်။ 👍
သနပ်ခါးထဲမှာ လူကြိုက်အများဆုံး ဖြစ်တဲ့
ရှင်မတောင် သနပ်ခါးအပွေးကိုမှ တကူးတက
သွေးလိမ်းနေစရာမလိုဘဲ ပျိုမေတို့ အလွယ်တကူ အသုံးပြုလို့ရနိုင်အောင် ရွှေပြည်နန်းက ထုတ်လုပ်ထားတာမို့ပါ။
ရွှေပြည်နန်းရဲ့ ရှင်မတောင်အပွေးသနပ်ခါးကို
မြန်မာ့ဆေးဘက်ဝင် သဘာဝပစ္စည်းများ၊ အထူးကောင်းမွန်သော မြန်မာ့သဘာဝ ရှင်မတောင်အပွေးသက်သက်နဲ့ အမေရိကန်နိုင်ငံလုပ် Reverse Osmosis System ရေသန့်စက်က ထုတ်လုပ်တဲ့ သာမန် PH7 ရှိ သောက်ရေသန့်ထက် အဆ ၃၀၀၀ ပိုမိုသန့်စင်တဲ့ အရည်အသွေးရှိ သန့်စင်ရေတို့ကို အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားတာပါ။
ရှင်မတောင်အပွေးသနပ်ခါးကို အသုံးပြုမယ်ဆိုရင် နေပူဒဏ်ကနေ အကာအကွယ်ပေးမယ်။
အသားအရေကို အထူးလှပစေမယ်။ 🌟
ပြီးတော့လည်း ပျိုမေတို့ သိပ်ကြောက်ကြတဲ့ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အိုမင်းရင့်ရော်မှုကို တားဆီးပေးပြီး အရွယ်တင်နုပျိုစေပါလိမ့်မယ်။
ဒါတင်မကသေးဘူးနော်။ 🖐
ရှင်မတောင်အပွေးသနပ်ခါးရဲ့ PH ကို ၅ ကနေ ၆.၅ ကြားမှာ ထုတ်လုပ်ပေးထားတာမို့ ပျိုမေတို့ မျက်နှာပေါ်မှာ အလှဖျက်တဲ့ ဝက်ခြံတွေ၊ တင်းတိပ်တွေ
မထွက်အောင်လည်း တားဆီးပေးပါသေးတယ်။
လှသထက် လှဖို့ ဘာတွေများ လုပ်ရပါ့မလဲ သိပ်တွေးနေစရာ မလိုပါဘူး။
သဘာဝရဲ့ လက်ဆောင် ရွှေပြည်နန်း သနပ်ခါးကိုသာ အိမ်မှာ ဆောင်ထားလိုက်ပါနော်။ 💛
#ရွှေပြည်နန်း
#မြန်မာနိုင်ငံရဲ့အကောင်းဆုံးထဲကတစ်ခု