Shwe Pyi Nann_ကံ့ကော်ဝတ်ဆံသနပ်ခါး
Shwe Pyi Nann_ကံ့ကော်ဝတ်ဆံသနပ်ခါး
Shwe Pyi Nann_ကံ့ကော်ဝတ်ဆံသနပ်ခါး

Shwe Pyi Nann_ကံ့ကော်ဝတ်ဆံသနပ်ခါး

💎 အဖိုးထိုက်တန်တဲ့ ကံ့ကော်ဝတ်ဆံ 💎

ပွင့်ဖတ် အဖြူရောင်၊ ဝတ်ဆံ အဝါလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကံ့ကော်ပွင့်တွေဟာ တစ်ပွင့်တည်းလည်း
ပွင့်သလို စုပြီးတော့လည်း ပွင့်ပါတယ်။

ကံ့ကော်ဝတ်ဆံလေးတွေကတော့ ကံ့ကော်ပွင့်ရဲ့ အလယ်မှာ စုစုထွေးထွေး ရှိနေတတ်ပါတယ်။ အရောင်သွေးကတော့ အဝါပါ။ ရနံ့က သိပ်မွှေးပျံ့ပါတယ်။ 🌟⭐

ကံ့ကော်ပင်ဟာ တစ်ပင်လုံးနီးပါး အသုံးဝင်တယ်လို့တောင် ပြောလို့ရတဲ့ အပင်မျိုးပါ။ ကံ့ကော်ရွက်နုတွေကို ဘုရားလှူကြတယ်။ ကံကောင်းအောင် ပေးတတ်တဲ့ ယတြာတွေထဲမှာလည်း ကံ့ကော်ရွက် ပါတယ်။ ကံ့ကော်ပွင့်ကတော့ ဘုရား လှူကြသလို ပျိုမေတို့ရဲ့ ဦးခေါင်းထက်မှာလည်း နေရာယူပြန်တာ။ 👩‍🦰

မြန်မာ့ဆေးကျမ်းတွေအလိုအရလည်း ကံ့ကော်ဟာ အပွင့်ပါမက ဝတ်ဆံ၊ အစေ့၊ အမြစ်၊ အခေါက်၊ အဆီအထိ အသုံးဝင်ပါသတဲ့။ 🤔

ကံ့ကော်ဝတ်ဆံအကြောင်းပဲ ပြောမယ်ဆိုရင် ကံ့ကော်ဝတ်ဆံကို အလွန်ပျင်းတဲ့အဖျား၊ သွေးဝင်တဲ့အနာ၊ ထိတ်လန့်ရူးသွပ်တဲ့အနာ စတာတွေအတွက် ဆေးဖော်စပ်ရာမှာ သုံးသလို သကြားခဲနဲ့ ကံ့ကော်ဝတ်ဆံကို ရောကြိတ်လို့ ဆေးအဖြစ် သုံးဆောင်တာတွေလည်း ရှိပါတယ်။

ဒီကံ့ကော်ဝတ်ဆံပါပဲ။👇

မြန်မာကလေးတွေရဲ့ ငယ်ဘဝမှာ အဘွားတို့
အမေတို့က သနပ်ခါးနဲ့ရောနှောပြီး သွေးလိမ်းပေးခဲ့တာ။ ရနံ့ မွှေးပျံ့တာအပြင် ဆေးဖက်ဝင်တာကြောင့်လည်း ကံ့ကော်ဝတ်ဆံဟာ အမျိုးသမီးတွေ အမြတ်တနိုး စုဆောင်းကြတဲ့ ရတနာတစ်မျိုး ဖြစ်ခဲ့တာ။ 🤗

မြန်မာဆေးဝါးတွေ ဖော်စပ်တဲ့နေရာမှာ အသုံးပြုတဲ့ အဖိုးထိုက်တန် ကံ့ကော်ဝတ်ဆံကိုမှ မြန်မာ့သဘာဝ ရှင်မတောင် သနပ်ခါးနဲ့ အချိုးကျ ပေါင်းစပ်ပြီး ထူးခြားတဲ့ အရည်အသွေးနဲ့ ကံ့ကော်ဝတ်ဆံ သနပ်ခါးအဖြစ် ရွှေပြည်နန်းက အဆင့်အတန်းမီ
တီထွင်ထုတ်လုပ်ထားပါတယ်။ 👍

ရွှေပြည်နန်း ကံ့ကော်ဝတ်ဆံ သနပ်ခါးကို စွဲစွဲမြဲမြဲ အသုံးပြုမယ်ဆိုရင် ရနံ့ မွှေးကြိုင်ပြီး အေးမြစေခြင်း၊ အသားအရေကို စိုပြေလှပစေခြင်း၊ နွေရာသီမှာ ထွက်တတ်တဲ့ မိတ်တွေ ပျောက်ကင်းစေခြင်း၊ မိတ်ကြောင့် ဖြစ်တတ်တဲ့ ယားယံခြင်းကို သက်သာပျောက်ကင်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိပြီး အသားအရေကိုလည်း ထာဝစဉ် စိုပြေလှပစေမှာပါ။

လှသထက် လှဖို့ ဘာတွေများ လုပ်ရပါ့မလဲ
သိပ်တွေးနေစရာ မလိုပါဘူး။ 🖐

သဘာဝရဲ့ လက်ဆောင် ရွှေပြည်နန်း ကံ့ကော်ဝတ်ဆံ သနပ်ခါးကိုသာ အိမ်မှာ ဆောင်ထားလိုက်ပါနော်။ 💛

#ရွှေပြည်နန်း
#မြန်မာနိုင်ငံရဲ့အကောင်းဆုံးထဲကတစ်ခု
$5.55