မြန်မာနိုင်ငံရဲ့အကောင်းဆုံးထဲကတစ်ခု ဆိုတဲ့ ပြိုင်စံမပေါ် နိုင်ငံကျော် ရွှေပြည်နန်းက အလှအပအတွက်ပဲ သနပ်ခါးကို ထုတ်လုပ်တာလား❓ ဆိုရင်
"မဟုတ်ပါဘူး ခင်ဗျာ" လို့ ပြောပါရစေခင်ဗျာ ...
ချစ်သော ကျေးဇူးရှင် မိဘပြည်သူများရဲ့ အလှအပဆိုင်ရာအပြင် ညောင်းညာကိုက်ခဲမှုဝေဒနာရဲ့ ကျန်းမာရေးအတွက် လိုအပ်မည့် သနပ်ခါးကိုလည်း ထုတ်လုပ်ထားပါတယ်။ အဆိုပါ သနပ်ခါးဟာ ယခုလို မိုးဦးကျကာလမှာ ဆောင်ထားရင် မမှားတဲ့ 'ရတနာကိုးသွယ်' အမှတ်တံဆိပ် ဆေးသနပ်ခါးပါဗျ 😊
ရွှေပြည်နန်းက ထုတ်လုပ်ထားတဲ့ 'ရတနာကိုးသွယ်' ဆေးသနပ်ခါးဟာ မြန်မာ့ဆေးဖက်ဝင် သဘာဝရတနာတွေဖြစ်တဲ့ နံ့သာဖြူ၊ နံ့သာနီ၊ တောင်တန်ကတိုး၊ တောင်တန်ကြီး၊ နလင်ကျော်၊ သနပ်ခါးအမြစ်၊ ပရုတ်၊ ကရမက်၊ မုန်ညင်းဆီတို့ကို အချိုးကျ စီမံဖန်တီးထားတာမို့ သွေးပြီး လူးလိုက်မယ်ဆိုရင် -
📍ညောင်းညာကိုက်ခဲတာတွေ၊ ဇက်ကြောတက်တာတွေကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်ခြင်း၊
📍ချောင်းဆိုး၊ ချွဲကပ်၊ လေဖြတ်ခြင်းတို့ကို သက်သာစေခြင်း၊
📍ဒဏ်ကြောင့်ဖြစ်တဲ့ အဆစ်အမျက် ကိုက်ခဲမှုတို့ကို လျင်မြန်စွာ သက်သာစေခြင်း၊
📍မီးဖွားပြီးကာစ မီးနေသည်တို့ ညောင်းညာ ထုံကျဥ် ကိုက်ခဲတာတွေ ပျောက်ကင်းပြီး သွေးသား သန့်ရှင်းစင်ကြယ်ခြင်း၊
📍ရာသီဥတုအပြောင်းအလဲဖြစ်ချိန်၊ အအေးပိုလာချိန်တို့မှာ အရိုးအကြော ကိုက်ခဲတတ်သူ လူကြီးသူမတို့အဖို့ ဝေဒနာမှ သက်သာကာ နွေးထွေးစွာ အိပ်ပျော်စေခြင်း၊
📍အားကစားလုပ်ရာမှဖြစ်စေ၊ အညောင်းမိရာမှဖြစ်စေ၊ လှုပ်ရှားသွားလာမှုများရာမှဖြစ်စေ မည်သည့် ညောင်းညာကိုက်ခဲမှုမဆို သက်သာပျောက်ကင်းနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတို့ ရှိတာ
ရွှေပြည်နန်းရဲ့ ရတနာကိုးသွယ်ဆေးသနပ်ခါးပါ။
သဘာဝဆေးဖက်ဝင် ရတနာကိုးမျိုးကို အချိုးကျ ရောစပ်ဖန်တီးထားတာမို့ နေ့စဥ်လိမ်းပေးခြင်းဖြင့် အသားအရေကို ဝင်းဝါစိုပြေလှပစေရုံမက ခန္ဓာကိုယ်ရဲ့ ညောင်းညာကိုက်ခဲမှုတွေက ပေးတဲ့ဝေဒနာတွေမှလည်း သက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုပုံကတော့ -
• ညောင်းညာကိုက်ခဲ၊ ဇက်ကြောတက်နှင့် အဆစ်အမျက် ကိုက်ခဲခြင်းများအတွက် ရတနာကိုးသွယ်သနပ်ခါးကို ရေနှင့် မပျစ်မကျဲ ဖျော်ပြီး လိမ်းပါ။
(အေးသောဒေသများတွင် ရေနွေးနွေးနှင့် ဖျော်ပြီး လိမ်းနိုင်ပါတယ်)
• ကလေးများ ချောင်းဆိုးသည့်အခါနှင့် ချွဲကျပ်သည့်အခါ ရေနွေးနွေးနှင့် ဖျော်ပြီး လည်ပင်း၊ ရင်ဘတ်ကို မပျစ်မကျဲ လိမ်းပါ။
• အလွန်ပြင်းထန်သည့် ဝေဒနာများဖြစ်သော လေဖြတ်ခြင်းနှင့် ပြင်းထန်စွာကိုက်ခဲခြင်းများအတွက် အရက်နဲ့ မပျစ်မကျဲ ဖျော်ပြီး လိမ်းပါ။ နေ့စဉ်လိမ်းပေးခြင်းဖြင့် သိသာစွာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
⚠️ အထူးသတိပြုရန် တစ်ချက်တည်းသော အချက်ကတော့ မျက်နှာပေါ်မှာ မလိမ်းဖို့ပဲ ဖြစ်ပါတယ်ခင်ဗျာ ⚠️
ကဲ .. ဒါဆို လှချင်ရင်လည်း မျက်နှာမှာ လူးဖို့ ရွှေပြည်နန်း ရှိသလို ညောင်းညာကိုက်ခဲနေလည်း ခန္ဓာကိုယ်မှာ လူးဖို့ ရွှေပြည်နန်း ရတနာကိုးသွယ် ဆေးသနပ်ခါး ရှိတယ်ဆိုတာ မမေ့ကြနဲ့နော် ...
#ရွှေပြည်နန်း
#မြန်မာနိုင်ငံရဲ့အကောင်းဆုံးထဲကတစ်ခု