image

Shwe Pyi Nan_Facial Foam

$5.55

"သနပ်ခါးဟာ အပူပိုင်းဒေသရဲ့ ရတနာ"

"သနပ်ခါးကို ချစ်တာဟာ မြန်မာကိုချစ်တာပါပဲ"

``ဆောင်းမှာနွေး နွေမှာအေး´´ ဆိုတဲ့ သနပ်ခါးရဲ့ အာနိသင်ကြောင့် မြန်မာလူမျိုးများဟာ မွေးက တည်းက အသက်အရွယ်မရွေး လိမ်းကြပါတယ် .....

သနပ်ခါး လူးလေ့ရှိတဲ့ သူအများစုဆီက သနပ်ခါးကောင်းကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အမြဲကြားနေရတာတွေကတော့ " မိုးလင်းတာနဲ့မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေရှိတာ " "မြန်မာမိန်းကလေးတွေရဲ့ အသားအရေ လှတာဟာ သနပ်ခါးကြောင့်ပေါ့ " "သနပ်ခါးလူးထားရင် လူကလန်းဆန်းတယ် " " ဒါကြောင့် သနပ်ခါးကို အမြဲလူးတယ် " ဆိုတဲ့ စကားလေးတွေ ကြောင့် သနပ်ခါးဟာ မြန်မာလူမျိုးတွေ အစဉ်အဆက် သုံးစွဲခဲ့ကြတဲ့ ရိုးရာအလှအပ ပစ္စည်းတစ်မျိုးပဲဖြစ် ပါတယ်။

ဒါ့အပြင် သနပ်ခါးရဲ့ ဆေးဖက်၀င်ပုံတွေကတော့

(၁) နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။

(၂) ၀က်ခြံစိုများအတွက် သနပ်ခါးတုံးကိုသွေးပြီး သံပုရာရည် အနည်းငယ်ထည့်၍ လိမ်းပေးလို့ရပါတယ်။

(၃) ၀က်ခြံ အမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေးပြီး နေ့ည လိမ်းပေးလို့လည်း ရပါတယ်။

(၄) သနပ်ခါးတုံးကို ဆားအနည်းငယ်ရောထည့် သွေးလိမ်းပေးခြင်းဖြင့် မိတ်၊အင်ပျဥ်တို့ ယားယံခြင်းမှ သက်သာစေပါတယ်။

(၅) ရေနွေးပူလောင် မီးပူလောင်ဒဏ်ရာများအတွက် သနပ်ခါးထူထူ လိမ်းအုံပေးခြင်းဖြင့် ပကတိအတိုင်း အသားအရေကို ပြန်လည်ရရှိစေပါတယ်။

(၆) အရေပြားယားယံခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ဒီလိုမျိုးဆေးဖက်၀င်တဲ့ သနပ်ခါးတွေကို စနစ်တကျသေချာသန့်စင်ပြီးတော့ ရွှေပြည်နန်းကနေ အချိန်မကုန်လူမပင်ပန်းစေတဲ့ သနပ်ခါးဘူးလေးတွေကို ထုတ်လုပ်ပေးလျက်ရှိပါတယ်ခင်ဗျာ....

အခုလည်း ရွှေပြည်နန်းကနေ အသားဖြူသနပ်ခါး မျက်နှာသစ်တွေကိုလည်း ထပ်မံထုတ်လုပ်လိုက်ပါပြီဗျာ့ သုံးဖူးကြပြီလား ?????

ကဲ .... သုံးဖူးတဲ့သူတွေကလည်း ကိုယ့်ရဲ့ အသုံးပြုရတဲ့ခံစားချက်လေးတွေကို လာရောက်မျှဝေပေးဦးနော်


ရွှေပြည်နန်းသနပ်ခါး မျက်နှာသစ်နဲ့သာဆို

အဆီပြန်တာ ကင်းပြီဆိုရင် 🙅
ဝက်ခြံတွေ မထွက်တော့ဘူး
သူပေါ်မလာရင် ကုတ်တာ ဖဲ့ရတာတွေ မလုပ်ရတော့ဘူး 🙅‍♂️
အဲ့ဒါဆို အမည်းစက်ဆိုတာ ပြတိုက်ထဲမှာပဲ ထားခဲ့ရတော့မှာနော်🏛

အဲ့လိုဖြစ်ဖို့ကလည်း
ရွှေပြည်နန်း Thanakha Facial Form နဲ့
နေ့ည မျက်နှာသစ်ပေးလိုက်ရုံပါပဲ

ဒါဆို
💁‍♀ အဆီကင်းပြီး ကြည်လင်
ချောမွေ့လှပတဲ့ အသားအရေ​နဲ့လူကြားထဲ ရဲဝံ့စွာ သွားလာနိုင်ပြီပေါ့ဗျာ

All Skin Type ဖြစ်လို့ တစ်ဗူးဝယ်လိုက်ရုံနဲ့ တစ်အိမ်လုံး သုံးနိုင်ပြီဖြစ်လို့...
လက်မနှေးအ​မြန်ပြေးလို့ ဝယ်လိုက်တော့နော်

#ရွှေပြည်နန်း
#မြန်မာနိုင်ငံရဲ့အကောင်းဆုံးထဲကတစ်ခု