အင်းဝခေတ် စာဆိုကျော် ရှင်မဟာရဌသာရက သက္ကရာဇ် ၈၄၆ မှာ သူရေးခဲ့တဲ့ ဘူရိဒတ်လင်္ကာထဲမှာ မြန်မာ့သနပ်ခါး အကြောင်း ထည့်စပ်ဆိုခဲ့လို့ မြန်မာတွေ သနပ်ခါးကို ဘယ်ခေတ်မှာကတည်းက တွင်တွင်ကျယ်ကျယ်သုံးနေပြီ ဆိုတာ သမိုင်းပညာရှင်တွေက ခန့်မှန်းနိုင်ခဲ့ပါတယ်...
"ဤစာသာရ၊ ဂေါသိတကို၊ နား၀နှစ်ဘက်၊ မြကျောက်ထက်၌ ၊ ဉာဏ်လက်ကိုထေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးကသုန်၊ လိမ်းလင့်ကုန်" တဲ့။
အင်း၀ခေတ်မှာ သနပ်ခါးကို နန်းတွင်းသူရော၊ အရပ်သူပါ တမြတ်တနိုး တခုံတမင် လိမ်းခဲ့ကြတာ သေချာပါတယ်။
သနပ်ခါးနဲ့ ကျောက်ပျဉ်ဟာ ခေတ်အဆက်ဆက် မြန်မာ့အမျိုးသမီးတွေရဲ့ ဘ၀ထဲမှာ အရေးပါခဲ့ကြပါတယ်။ လှပခြင်းရဲ့ ပြယုဂ်တစ်ခုအနေနဲ့ သဘောထားကြပါတယ်။
ရှေးခေတ်က သီတင်းကျွတ်မီးထွန်းပွဲတော်ဆို အမျိုးသမီးတွေဟာ သနပ်ခါးသွေးတဲ့ ကျောက်ပျဉ်ပေါ်မှာ ဆီမီးထွန်းပြီး ကျောက်ပျဉ်စောင့်နတ်သမီးကို ပူဇော်လေ့ရှိပါတယ်။ ကျောက်ပျဉ်စောင့်နတ်သမီးဆိုတာ မြန်မာတွေအတွက်တော့ အလှနတ်သမီး အက်ဖရိုဒိုက်တီလို နေပါလိမ့်မယ်။
တော်၀င်နန်းတွင်းကဗျာတွေမှာ သနပ်ခါးကို စပ်ဆိုခဲ့ကြသလို အရပ်သုံးကဗျာတွေမှာလည်း သနပ်ခါးအကြောင်း စပ်ခဲ့ကြတာပါပဲ။
"ရွှေနံသာခေါက်ကိုလ၊ ကျောက်ပေါ်မှာ အသာတင်၊ ခန်းခွင်ကသွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ ဆံတိုလေးရယ်၊ ပိန်းရိုက်စို့လေး၊ နံ့သာရေ မတော်လို့ ချော်ကာဖိတ်တယ်၊ ကျောင်းထိပ်က မွှေး" ဆိုတဲ့ ဆန်ဖွတ်မောင်းထောင်းသီချင်းလေးကိုပဲ ရွတ်ကြည့်။
ရွတ်ကြည့်တာနဲ့တင် ရှေးက လသာဆောင်မှာ မှန်ကြည့်ရင်း သနပ်ခါးလိမ်းနေတဲ့ အုပ်လုံးသိမ်းစ အပျိုမဆံတိုလေးကို ပြေးမြင်ယောင်မိမှာပါပဲ။
ဒီလိုနဲ့ ခေတ်အဆက်ဆက် သနပ်ခါးဟာ သွေးလိမ်းရာကနေ သနပ်ခါးအရည်၊ အနှစ်၊ အခဲတွေ အဖြစ် ပြုပြင်သုံးစွဲလာခဲ့ကြပါပြီ။
မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်တဲ့ သနပ်ခါးလုပ်ငန်းကို အဓိကထားလျက် အစဉ်တစိုက်ရပ်တည်ခဲ့သော ရွှေပြည်နန်းကလည်း ခေတ်အဆက်ဆက် သနပ်ခါးယဉ်ကျေးမှုကို ထိန်းသိမ်းပေးခဲ့တဲ့ မြန်မာအမျိုးသမီးထုကို ဒီစာစုလေးနဲ့ ဦးညွှတ်ဂုဏ်ပြုလိုကိရပါတယ်ဗျာ။
သနပ်ခါးဆိုတာ မြန်မာ့ဂုဏ်ဆောင်သာမက ကမ္ဘာထိထိုးဖောက်နေတဲ့အကြောင်း၊ လိမ်းကျံတဲ့အခါ အသားအရေအေးမြစေတဲ့အကြောင်း၊ ပျိုပျိုတို့သာမက ကိုကိုတို့လည်း လိမ်းနေကြပြီဖြစ်ကြောင်းတို့ကို ရွှေပြည်နန်းက ချစ်ဆွေတို့ကို တင်ပြခဲ့ပြီးပြီနော် ...
ယခု ဒီတစ်ပတ်မှာတော့ နွေမှာအေး ဆောင်းမှာနွေးတဲ့ သနပ်ခါးရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံထဲက အချို့ကို ရွှေပြည်နန်းချစ်သူတို့ကို မျှဝေပေးလိုက်ပါတယ်။
(၁) သနပ်ခါးကို သွေးပြီး တစ်ကိုယ်လုံးကို လိမ်းပေးပါက ခန္ဓာကိုယ်တွင်းက အပူအပုပ်တွေ ထွက်စေပါတယ်။
(၂) သနပ်ခါးကို ပုံမှန်လိမ်းပေးခြင်းဖြင့် အဆီပြန်ခြင်းတွေ ကင်းဝေးစေပြီး အသားအရေအေးမြစေကာ စိုပြေညက်ညော လှပစေပါတယ်။
(၃) ဝက်ခြံအစိုများအတွက် သနပ်ခါးကို သံပုရာရည် အနည်းငယ်ထည့်၍ လိမ်းပေးနိုင်ပြီး ဝက်ခြံအမာရွတ်များအတွက်ကိုတော့ သနပ်ခါးကို ပျစ်ပျစ်သွေးကာ နေ့ညလိမ်းပေးခြင်းဖြင့် သက်သာနိုင်စေပါမယ်။
(၄) မိတ်၊ အင်ပျဥ်တို့အတွက် သနပ်ခါးကို ဆားအနည်းငယ်ထည့်ကာ လိမ်းခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၅) ေရနွေးပူလောင်၊ မီးပူလောင်ဒဏ်ရာများကိုလည်း သနပ်ခါးထူထူလိမ်းပေးရင် နဂိုအသားအရေကို ပြန်လည်ရရှိနိုင်ပါတယ်။
(၆) အရေပြားပါးလွှာပြီး ယားနာဖုတွေ မကြာမကြာ ထွက်လေ့ရှိသူတို့အဖို့ ကာဘော်လစ် (သို့) ဒက်တောလ် ဆပ်ပြာဖြင့် ရေချိုးသန့်စင်ပြီး သနပ်ခါးထူထူ ပုံမှန်လိမ်းပါ။
(၇) သနပ်ခါးသွေးရည်ကို တစ်ဝရှူပေးပါက စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ နှာခေါင်းပိတ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေပါမယ်။
(၈) ငန်းမန်းကို နိုင်ပြီး အပူနာ အအေးနာ နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်ပါတယ်။
(၉) အပူပိုင်းဒေသဘက်မှာ သနပ်ခါး မပြတ်လိမ်းထားခြင်းဖြင့် အပူငြိမ်းစေပါတယ်။
(၁၀) နွေရာသီမှာ ကလေးများ ဖြစ်လေ့ရှိတဲ့ အပူဖု၊ အပူနာ၊ ဝက်သက်ပေါက်ချိန်မှာ သနပ်ခါးသန့်သန့်သွေးကာ တစ်ကိုယ်လုံး လိမ်းပေးနိုင်ပါတယ်။
ဒါကတော့ မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ် သနပ်ခါးရဲ့ ကောင်းကျိုးများစွာထဲက အချို့ကို ရွှေပြည်နန်းက ချစ်ဆွေတို့ကို ပြန်လည်မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
တစ်ညမှာတစ်ကြိမ် 👌🏻
မျက်နှာ လည်ပင်း လက် စတဲ့နေရာတို့ကို မထူမပါး (အိပ်ရာဝင်ခါနီးတိုင်း) ညစဥ် လိမ်းမယ်ဆိုရင် ၄၅ လောက် ကြာပြီးတဲ့အခါ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေက "ဟာ ... ဖြူလို့ ဖွေးလို့ပါလား" လို့ ပြောကြတာကို နားဆင်ရဖို့ သေချာပါတယ်။
အစဥ်အမြဲ လိမ်းဆက်လက်လိမ်းမယ်ဆိုရင်ဖြင့်လည်း အစဥ်အမြဲ ဆက်လက်ဖြူနေမှာမို့ ညစဥ် ရွှေပြည်နန်းသဘာဝအသားဖြူသနပ်ခါးလိမ်းပြီး ထာဝစဥ်ဖြူဝင်းနေတဲ့ အသားအရေကို အလိုရှိသရွေ့ ပိုင်ဆိုင်ခွင့် ရှိနေပါပြီခင်ဗျာ။
⚠️ နေပူထဲကို ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည်လိုမျိုး အကာအကွယ်တွေ မပါဘဲ ခဏခဏသွားတာလေးတော့ ရှောင်ပေးပါနော် ⚠️
မြန်မာတစ်နိုင်ငံတည်းမှာပဲ စိုက်ပျိုးနိုင်တာ မဟုတ်ပေမယ့် မြန်မာနိုင်ငံကဆိုမှ ပိုပြီး အရည်အသွေးကောင်းတာလို့ အများယုံကြည်လက်ခံထားတဲ့ အပင်တစ်မျိုး ရှိပါတယ်။ 🌳🌳
🌟 အဲဒါကတော့ သနပ်ခါးပါ။
တခြားဒေသတွေမှာ စိုက်လို့ပျိုးလို့ ဖြစ်ပေမယ့် အရည်အသွေးအကောင်းဆုံး သနပ်ခါးဟာ မြန်မာနိုင်ငံကပဲ ထွက်ပါတယ်။ တကယ်တော့ ဈေးကွက်ဝင် သနပ်ခါးခြံတစ်ခြံ ဖြစ်လာဖို့ဆိုတာလည်း မလွယ်ကူပါဘူး။ အပင်ငယ်တွေဘဝမှာ အသေအပျောက် အင်မတန် များတဲ့ သနပ်ခါးပင်တွေကို စိုက်ပျိုးသူက အတော်ဂရုစိုက်နိုင်မှ တန်ကာကျတာပါ။ သနပ်ခါးပင်ဟာ အပင်လတ်မျိုး ဖြစ်ပြီး အမြင့်ပေ ၂၀ ကနေ ၃၀ အထိ မြင့်တက်နိုင်ပါသတဲ့။ အပင်ငယ်အဆင့်မှာ အပွေးနုပြီး အပင်ရင့်တဲ့အခါ အပွေးထူလာပါတယ်။
စိုက်ပျိုးသူတွေဘက်က 'ရတနာ'လို့ ခေါ်ကြတဲ့ သနပ်ခါးဟာ သုံးစွဲသူ ပျိုပျို အိုအို အမျိုးသမီးတိုင်းအတွက်လည်း တကယ့် အဖိုးထိုက်တန် ရတနာပါပဲ။ မြန်မာအိမ်တွေတိုင်းမှာ ကျောက်ပျဉ်နဲ့ သနပ်ခါးတုံးတော့ ရှိသလို မြန်မာအမျိုးသမီးဆိုရင်လည်း အပြင်သွားတဲ့အခါ မိတ်ကပ် ဘယ်လိုလိမ်းလိမ်း၊ အိမ်နေရင်းဆိုရင်တော့ သနပ်ခါးလေး လိမ်းထားတတ်ကြတာမျိုးပါ။ 😇
တချို့ကျတော့လည်း သနပ်ခါးတော့ လိမ်းချင်ပါတယ်၊ သွေးတော့ မသွေးချင်ဘူးဆိုတဲ့သူတွေလည်း ရှိပြန်တယ်။ ဒီနေ့ခေတ်မှာတော့ သနပ်ခါးတုံးနဲ့ ကျောက်ပျဉ် သွားလေရာ သယ်မှ အရည်အသွေးကောင်း သနပ်ခါးကို လိမ်းနိုင်တာ မဟုတ်တော့ဘူး။
🌟ရွှေပြည်နန်း သနပ်ခါး ရှိနေပါပြီ 🌟
ရွှေပြည်နန်းဆိုရင် သနပ်ခါး ချစ်တဲ့ မြန်မာအမျိုးသမီးတိုင်း သိနေကြတာမို့ ကောင်းကြောင်း အထူးတလည် ညွှန်းနေစရာ မလိုတော့ပါဘူး။ ရွှေပြည်နန်းသတင်း လူချင်းဆောင်ပြီးသားမို့ပါ။ 😍
ယခုအခါမှာ ရွှေပြည်နန်းမှ မြန်မာ့ရိုးရာ သနပ်ခါးကို အဆင့်မြင့်စွာ ဖန်တီးထုတ်လုပ်နေပြီဖြစ်ရာ...
ပန်းရနံ့လေးတွေ သင်းပျံ့နေတာကိုမှ ချစ်ပါတယ်ဆိုရင် -
🌹 နှင်းဆီပွင့်ချပ်နဲ့ မြန်မာ့သဘာဝ ရှင်မတောင် သနပ်ခါးတို့ကို အချိုးကျ ပေါင်းစပ်ထားပြီး
နှင်းဆီပွင့်ချပ်တွေရဲ့ အာနိသင်ကြောင့် သွေးသားစင်ကြယ်၊ အရွယ်တင် နုပျို၊ အသားအရေကိုလည်း စိုပြေဝင်းပစေတဲ့ နှင်းဆီသနပ်ခါး
🌟 ခရေပန်းနဲ့ သနပ်ခါးတို့ ပေါင်းစပ်အစွမ်းကြောင့် အသားအရေ စိုပြေလှပခြင်း၊ မိတ်များကို ပျောက်ကင်းစေပြီး မိတ်ကြောင့် ဖြစ်တဲ့ ယားယံမှုကိုလည်း သက်သာပျောက်ကင်းစေခြင်း စတဲ့ လက်ဆောင်မွန်တွေ ရရှိစေမယ့် ခရေသနပ်ခါး..
💮 စံပယ်ပန်းနဲ့ မြန်မာ့သနပ်ခါး ပေါင်းစပ်ထားလို့ ရနံ့မွှေးမြ လန်းဆန်းစေ၊ အသားအရေ စိုပြေလှပစေ၊ အရွယ်တင်နုပျိုစေမယ့် စံပယ်သနပ်ခါး
🌼 ရှင်မတောင်သနပ်ခါးနဲ့ ဆေးဝါးတွေ ဖော်စပ်တဲ့နေရာမှာ အသုံးပြုတဲ့ ကံ့ကော်ဝတ်ဆံလေးတွေ အချိုးကျ ပေါင်းစပ်ပြီး ရနံ့မွှေးကြိုင် အေးမြစေ၊ အသားအရေ စိုပြေစေ၊ နွေရာသီမှာ ထွက်တတ်တဲ့ မိတ်များ၊ မိတ်ကြောင့် ဖြစ်တတ်တဲ့ ယားယံခြင်းများ သက်သာပျောက်ကင်းစေတဲ့ ကံ့ကော်ဝတ်ဆံ သနပ်ခါး
အသားအရေ ဖြူဝင်းလှပတာကိုမှ နှစ်လိုပါတယ်ဆိုရင် -
🍈 သဘာဝကုန်ကြမ်းတွေ ဖြစ်တဲ့ သံပုရာ ( စီ)၊ မြန်မာ့သနပ်ခါးနဲ့ သစ်သီးတွေကနေ ထုတ်လုပ်ထားပြီး အသားအရေကို ဖြူစင်ဝင်းပစေတဲ့ သဘာဝအသားဖြူသနပ်ခါး
အသားအရေကို ပိုမိုသန့်စင်စေချင်ရင် -
💚 ရှားစောင်းလက်ပပ်အဆီအနှစ်နဲ့ ရှင်မတောင်သနပ်ခါးကို နိုင်ငံတကာ အဆင့်မီ အချိုးကျပေါင်းစပ်ပြီး အရေပြားဆဲလ်တွေကို ပိုမိုသန့်စင်စေ၊ အဆိပ်အတောက် ကင်း၊ အသားအရေကို ချောမွေ့စိုပြေစေမယ့် ရှားစောင်းလက်ပပ်သနပ်ခါး
အသားအရေ နူးညံ့ချောမွတ်စေချင်ရင် -
နံ့သာဖြူ သနပ်ခါး
အရွယ်တင်နုပျိုစေချင်ရင် -
💦 ရှင်မတောင် အပွေးသက်သက်ရယ် PH7 ရှိ သောက်ရေသန့်ထက် အဆ ၃၀၀၀ ပိုမိုသန့်စင်တဲ့ သန့်စင်ရေရယ် ပေါင်းစပ်ထုတ်လုပ်ထားလို့ နေပူဒဏ်ကနေ ကာကွယ်ပေးပြီး အသားအရေကို အထူးလှပစေ၊ အရွယ်တင်နုပျိုစေ၊ ဝက်ခြံ၊ တင်းတိပ်များ ကင်းပစေတဲ့ ရှင်မတောင်အပွေး သနပ်ခါး
ဒါ့အပြင် -
အသားရေစိုပြေလှပတဲ့ အရွယ်တင်နုပျိုစေတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တဲ့
🤹♀️ ကျူးလစ်(ပ်)သနပ်ခါး
🤹♀️ Spa သနပ်ခါး
🤹♀️ အော်ဒီကလုန်း သနပ်ခါး
🤹♀️ Moisturizers သနပ်ခါး
🤹♀️ 4 in 1 အထူးသနပ်ခါးမိတ်ကပ်
ရတနာကိုးသွယ်ဆေးသနပ်ခါး
စသည်များကိုလည်း အဆင့်မြင့်အရည်အသွေးမြင့် ထုတ်လုပ်ထားတဲ့အတွက် "သနပ်ခါးဆို ရွှေပြည်နန်းပဲ"လို့ အားလုံးက ကြိုက်နှစ်သက်နေကြတာပေါ့ခင်ဗျာ
#ရွှေပြည်နန်း
#မြန်မာနိုင်ငံရဲ့အကောင်းဆုံးထဲကတစ်ခု