The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask
The Saem_Natural Sheet Mask

The Saem_Natural Sheet Mask

" သဘာဝ Sheet Masks Collection "

The Saem ရဲ့ 🌈သဘာဝစစ်စစ် Mask လေးတွေအကြောင်းရှင်းပြပေးမယ်နော်

🤩 ဒီ သဘာဝ Sheet Mask လေးတွေတစ်မျိုးချင်းစီမှာ သူ့ရဲ့အစွမ်းထက်အာနိသင်ကိုယ်စီရှိတာကြောင့် ချစ်လေးတို့ အသားအရေလိုအပ်ချက်အလိုက် လိုက်ဖက်တာလေးကို ရွေးချယ်နိုင်တယ်လေ🥰

🎃 " ဝက်ခြံထွက်တဲ့အသားအရေရှိသူများအတွက်
သဘာဝ Sheet Mask လေးများ "

🍃 Natural Green Tea Mask Sheet 🍃
ဝက်ခြံကုသရာမှာ အထူးအကျိုးပြုတဲ့ သဘာဝ Green Tea လေးကတော့ ဝက်ခြံ Breakout တွေကို လျော့ပါးသက်သာစေပြီး ရောင်ရမ်းမှုတွေကိုလျော့ချပေးပါတယ်။ အဆီပြန်ခြင်းကို သက်သာစေပြီး အသားအရေကို လန်းဆန်း ကြည်လင်စေနိုင်ပါတယ်။

🌿 Natural Tea Tree Mask Sheet 🌿
သဘာဝ Antibacterial effect ကြောင့် ဝက်ခြံဖြစ်စေတဲ့ Bacteria ပိုးတွေကို ဖယ်ရှားနိုင်ပြီး ဝက်ခြံတွေကိုပျောက်ကင်း သက်သာအောင် နဲ့ထပ်မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အသားအရေကို ချောမွေ့ ကြည်လင်စေပါတယ်။

💚 Natural Aloe Mask Sheet 💚
သဘာဝရှားစောင်းလေးတွေမှာပါဝင်တဲ့ Healing effect ကြောင့် ဝက်ခြံနာတွေကို ကုသပေးပြီး ပူစပ် ယားယံမှုတွေနဲ့ ရောင်ရမ်းနေတဲ့ ဝက်ခြံဖုတွေကို သက်သာစေပါတယ်။ အေးမြလန်းဆန်းမှုနဲ့ ရေဓာတ်ဖြည့်ပေးလို့ အသားအရေကိုစိုပြေစေပါတယ်။

🎃 " အဆီပြန်တဲ့ အသားအရေရှိသူများအတွက်
သဘာဝ Sheet Mask လေးများ "

🍅 Natural Tomato Mask Sheet 🍅
အဆီပြန်ခြင်း နဲ့ ချွေးပေါက်ကျယ်တာတွေကို သက်သာစေတဲ့ သဘာဝ Tomato mask လေးကတော့ oily skin ရှိတဲ့ ချစ်လေးတို့အတွက် အရမ်းကိုအဆင်ပြေစေမှာပါ။ အသားအရေကိုလဲ ကြည်လင် တောက်ပ လာစေနိုင်ပါတယ်။

🍋 Natural Lemon Mask Sheet 🍋
သဘာဝ Lemon လေးကတော့ အသားအရေကို တင်းရင်းစေပြီး အဆီပြန်ခြင်းကို ထိန်းသိမ်းပေးပါတယ်။ ဖြူစက် ကြည်လင်ပြီး အမာရွတ် အမဲစက်များကိုလဲ သက်သာစေနိုင်ပါတယ်။

🥔 Natural Potato Mask Sheet 🥔
အသားအရောင်မညီညာမှုတွေနဲ့ အမာရွတ်တွေကို သက်သာ လျော့ပါးစေတဲ့ သဘာဝ Potato mask လေးတွေကတော့ အဆီပြန်တဲ့ ချစ်လေးတို့နဲ့လဲ အဆင်ပြေစေမှာပါ။ အသားအရေကိုလဲ ချောမွေ့ ကြည်လင်စေပါတယ်။

🎃 " ခြောက်သွေ့အသားအရေရှိသူများအတွက်
သဘာဝ Sheet Mask လေးများ "

🥑 Natural Avocado Mask Sheet 🥑
အသားအရေကို အထူးအာဟာရဓာတ်ဖြည့်ပေးတဲ့ သဘာဝ ထောပတ်သီး Sheet Mask လေးကတော့ ခြောက်သွေ့ ကြမ်းတမ်းနေတဲ့ အသားအရေကို နူးညံ့ ချောမွေ့ စိုပြေလာအောင် ကုသပေးနိုင်မှာပါ။

🌰 Natural Shea Butter Mask Sheet 🌰
ခြောက်သွေ့မှုတွေအတွက် အကောင်းဆုံး Moisture ဓာတ်ပေးနိုင်တဲ့ သဘာဝ Shea Butter လေးကတော့ အသားအရေရဲ့အစိုဓာတ်ကိုအပြည့်ဝဆုံးဖြည့်တင်းပေးလို့ အသားပတ် အသားခြောက်တာတွေကို ကုသ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

❣️ Natural Red Ginseng Mask Sheet❣️
Skin barrier ကိုကျန်းမာကြံ့ခိုင်စေတဲ့ သဘာဝ အဖိုးတန် Red Ginseng လေးကတော့ အသားအရေကို စိုပြေတင်းရင်း နူးညံ့စေပါတယ်။ အရေပြားအဖတ်လန်ခြင်းတွေနဲ့ အသားခြောက်ခြင်းတွေကိုလဲ သက်သာစေလို့ dry skin ရှိတဲ့ ချစ်လေးတို့နဲ့ အရမ်းကိုအဆင်ပြေစေမှာပါ။


🎃 “ ပုံမှန်အသားအရေရှိသူများအတွက်
သဘာဝ Sheet Mask လေးများ "

🍚 Natural Rice Mask Sheet 🍚
အာဟာရဓာတ်များစွာပါဝင်တဲ့ သဘာဝဆန် လေးတွေကတော့ အသားအရေကို ဖြူစင် ဝင်းပလာဖို့ စွမ်းဆောင်ပေးပါတယ်။ သိသိသာသာ ဖြူဝင်း ကြည်လင်လာတဲ့ အသားလေးကို ရရှိချင်ရင်တော့ Rice Sheet Mask လေးကိုသာ အားကိုးလိုက်ပါနော်။

🥒 Natural Cucumber Mask Sheet 🥒
ရေဓာတ်ပြည့်ဝစွာဖြည့်ပေးပြီး ကြည်လင်လန်းဆန်းစေတဲ့ Cucumber Mask လေးကတော့ မျက်နှာအသားအရေကို ချောချောမွေ့မွေ့လေးနဲ့ ကြည်လင်စိုပြေစေမှာပါ။

🌹 Natural Rose Mask Sheet 🌹
နှင်းဆီ Sheet Mask လေးကတော့ အသားအရေကို နူးညံ့ကြည်လင်စေပြီး ရေဓာတ်ဖြည့်တင်းပေးပါတယ်။ အသားအရေ နီမြန်းမှုတွေကို လျော့ချပေးနိုင်ပြီး အမာရွတ်တွေကို သက်သာစေပါတယ်။

ဒါ့အပြင် သူ့ရဲ့ ထူးခြားတဲ့ အချက်လေးကတော့
သာမာန် Sheet Mask အသားတွေထက် 😇 ပိုမိုပါးလွှာတဲ့အတွက်ကြောင့်...

Essence အရည်လေးတွေကို 🙌🏻 ၁၀ ဆ ပိုမိုစုပ်ယူနိုင်ပြီး အသားအရေအတွင်းပိုင်းအနက်ရှိုင်းဆုံးအထိကို စိမ့်ဝင်အောင် လုပ်ဆောင်ပေးနိုင်လို့ 😍

သဘာဝသစ်သီးသစ်ဖု ပန်းပင်လေးတွေရဲ့ သဘာဝကောင်းကျိုးအာနိသင်ကို အပြည့်အဝရရှိစေကာ နေ့ရက်တိုင်းမှာ Glow နိုင်ပီပေါ့ 🥰