နုပျိုခြင်းရဲ့ လျှို့ဝှက်ချက်လေးတွေထဲက
Sai Cosmetix ရဲ့ Face Mask လေးတွေအကြောင်း
🌸 Sheet Masks ဆိုတာ အသားအရေအတွက် အားဖြည့်ပေးဖို့လိုအပ်တဲ့ အာဟာရတွေများစွာပျော်၀င်နေတဲ့ Face-shaped sheet လေးတွေပဲဖြစ်ပါတယ်…ဒါ့ပြင် အသားအရေ ကို ရေဓာတ်ဖြည့်ပေးတယ်၊ အဆီပြန်ခြင်းကိုလျော့နည်းစေတယ်၊ ချွေးပေါက်လေးတွေကိုလဲ ကျဉ်းစေပြီး ချက်ချင်း Brightening ဖြစ်လာအောင်ထောက်ပံ့ပေးတဲ့ အကျိုးကျေးဇူးလေးတွေရှိပါတယ်။
🌸 SAI Facemask မှာပါ၀င်တဲ့ Serum လေးတွေက အသားအရေကို များစွာအားဖြည့်ပေးတာမို့ Serumလေးရဲ့effectတွေ အသားအရေထဲပိုမိုစိမ့်
၀င်နေဖို့ဆိုရင်တော့ Mask အသုံးပြုပြီးတဲ့ အခါမှာ မျက်နှာမသစ်ပဲထားတာပိုကောင်းတယ်လို့ အကြံပြုချင်ပါတယ်။
🌸 Beauty Spa ကို အချိန်ပေးပြီးသွားစရာမလိုပဲ အိမ်မှာနေရင်း Mask လေးကပ်ပြီး spaရောက်နေသလို တေးသွားလေးတွေနဲ့ relax လုပ်နိုင်ဖို့
💝 SAI Face Mask 💝လေးတွေကလည်း ready ရှိနေပါတယ်နော်။
🌵 Hydrating Mask
သူလေးက ဆောင်းရာသီမှာ အသားပတ်တာတွေ ခြောက်သွေ့တာတွေကို ကာကွယ်တားဆီးပေးပါတယ်။
အသားအရေ စိုပြည်စေရန် အထူးထုတ်လုပ်ထားပြီး အသားအရေကို ပိုမိုနူးညံ့စေရုံသာမက ရေဓာတ်ကို 100% ဖြည့်တင်းပေးပါတယ်။
ခြောက်သွေ့ခြင်း ပြင်းထန်သော ရာသီဥတုတို့နှင့် ထိတွေ့ခြင်းကြောင့် အသားအရေပျက်စီးခြင်းမဖြစ်စေရန် Sodium Hyaluronate နှင့် H2O Molecules တို့ကကာကွယ်ပေးပါတယ်။
အစိုဓာတ်ကိုအပြည့်အ၀ ဖြည့်တင်းပေးပြီး ပကတိ ၀င်းမွတ်စိုပြည်သော အသားအရေကိုပိုင်ဆိုင်စေပါတယ်။
✨ Whitening Mask
သူလေးဟာဆိုရင် မျက်နှာလေးကို Natural Glowing ဖြစ်စေချင်တဲ့သူလေးတွေ အတွက်အထူးသင့်တော်ပါတယ်။
အရေပြားခြောက်သွေ့ခြင်းနဲ့ သွေးလှည့်ပတ်မှုကိုကောင်းစေလို့ မျက်နှာလေးကို လင်းလက်တောက်ပစေပါတယ်။
အသားအရည်ကို ကြည်လင်၀င်းပစေပြီး Arbutin နဲ့ Vitamin C ပါလို့ အမဲစက်တွေလျော့နည်းစေကာ
အသားအရေ မွဲခြောက်ခြင်း ကိုသိသိသာသာလျော့နည်းစေပါတယ်။
အသားရောင်မညီမညာဖြစ်ခြင်း ညစ်နွမ်းခြင်းတို့အတွက်အထူးထုတ်လုပ်ထားပါတယ်။
ဒါ့အပြင် ပုံမှန်အသုံးပြုမယ်ဆိုရင်တော့ ၀င်းလဲ့တောက်ပတဲ့ မျက်နှာအသားအရေပိုင်ရှင်လေးဖြစ်စေမှာ အမှန်ပါပဲနော်။
🐌 Anti-Aging Mask
သူလေးက မျက်နှာပေါ်ရှိ အရေးအကြောင်းငယ်များနှင့် အရေပြားလျော့ရဲမှုတို့ကို ကာကွယ်လျှော့ချပေးပြီး Collagen နှင့် EGF (Epidermal Growth Factor) တို့က အရေပြားဆဲလ်ကလပ်စည်းများကို ပြုပြင်ပေးပြီး အရေပြားအလွှာ အသီးသီးကို အားဖြည့်ပေးပါတယ်။မျက်နှာပေါ်ရှိအရေးအကြောင်းများကို မဖြစ်အောင်ကာကွယ်ပေးပြီးတော့
နုပျိုတင်းရင်းတောက်ပသော မျက်နှာအသားအရေကိုပြန်လည်ရရှိစေမှာဖြစ်ပါတယ်။လျော့ရဲနေတဲ့အသားအရေ ကို တင်းတင်းရင်းရင်းပြန်ဖြစ်စေတဲ့အပြင် ပြန်လည်နုပျိုစေပါတယ်။
🍋 Pore Reduction Mask
ချွေးပေါက်ကျယ်ခြင်း၊ ပိတ်ခြင်းတို့အတွက် အထူးထုတ်လုပ်ထားပြီး Co-enzyme Q10၊ Tea Tree oil နှင့် Charcoal တို့က မျက်နှာ အရေပြားအတွင်းပိုင်း အလွှာထိ သန့်စင်စေပြီး ချွေးပေါက်များကို သိသိသာသာကျဉ်းစေပါတယ်။
ချွေးပေါက်ကင်းပြီး BabyFaceအသားအရည်ကိုပြန်လည်ရရှိစေမှာဖြစ်ပါတယ်။
ချွေးပေါက်ရဲ့ ဟိုးအနက်ရှိုင်းဆုံးမှာကပ်ငြိနေတဲ့ ဆဲလ်အသေတွေကို အနက်ရှိုင်းဆုံးသန့်စင်ပေးတယ်။ အဆီပြန်ခြင်းကိုလည်းကင်းဝေးစေပါတယ်။
🥒 Soothing Mask
သူလေးက Sensitive Skin သမားများအတွက်ထုတ်လုပ်ထားပါတယ်။
ထိခိုက်လွယ်ပြီး နီမြန်း ရောင်ရမ်းလွယ်သော အသားအရေအတွက် အထူးသင့်လျော်ပါတယ်။
မျက်နှာကိုအေးမြစေပြီး နီမြန်းခြင်းကို လျှော့ချပေးပါတယ်။
နေရောင်ခြည်နှင့် ပြင်းထန်သောရာသီဥတုကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ရှားစောင်းလက်ပပ် နှင့် သခွားသီးအဆီအနှစ်တို့က သဘာ၀အတိုင်း ပြန်လည်အားဖြည့်ပေးပါတယ်။
အသားအရေကို တစ်ဖန် ကြည်လင်နူးညံ့စေရုံသာမက ပင်ပန်းနွမ်းနယ်မှုတို့ပါ ပျောက်ကင်းပြီး ပေါ့ပါး လန်းဆန်းစေပါတယ်။
နေလောင်ထားတဲ့ အသားအရည်တွေအတွက် အကောင်းဆုံး Mask လေးတစ်ခုပေါ့နော်။
💆 အသုံးပြုပုံလေးကတော့
👉 ပထမဦးစွာ မျက်နှာကို သန့်စင်အောင်သစ်ပြီး ရေခြောက်အောင်သုတ်ပါ။
👉 သန့်ရှင်းခြောက်သွေ့သောလက်ဖြင့် SAI Face Mask ကို အိတ်ထဲမှထုတ်ပါ။
👉 Mask Sheet လေးကို မျက်နှာ၊ နှာခေါင်း နှင့် နှုတ်ခမ်းနေရာတို့ကိုညှိပြီး မျက်နှာပေါ်သို့ကပ်ပါ။
(ကပ်နေစဉ် နစဉ်မှာ ကျောဘက်က QR code လေးက Scan ဖတ်လိုက်တာနဲ့ SAI SAI ရဲ့တေးသံစဉ်လေးနားဆင်နိုင်မှာဖြစ်ပါတယ်။)
👉 တေးသွားလေးအပြီး (၁၅-၂၀ မိနစ်ကြာ) ကပ်ပြီး ကျန်ရှိနေသောအရည်များကို အသားထဲစိမ့်၀င်နေအောင်လိမ်းပေးပါ။ရေပြန်ဆေးချစရာမလိုပါ
💝 ထိန်းသိမ်းပုံ
👉 ပူပြင်းသော ရာသီဥတုတွင် အေးမြလတ်ဆတ်စေရန်အတွက် Mask ထုတ်ကို ရေခဲသေတ္တာထဲတွင် အအေးခံပြီး အသုံးပြုနိုင်ပါတယ်။
👉 ချမ်းစိမ့်သော ရာသီဥတုတွင် နွေးထွေးစေရန် Mask ထုတ်မဖောက်ခင် ရေနွေးနွေးထဲ ၂မိနစ်၃မိနစ် ခန့်စိမ်ပြီး အသုံးပြုနိုင်ပါသည်။
# SAICosmetix
# SexyAndIntelligent
# ProductofMyanmar