V Love_Anti Ance Moisturizing Cream
V Love_Anti Ance Moisturizing Cream
V Love_Anti Ance Moisturizing Cream
V Love_Anti Ance Moisturizing Cream
V Love_Anti Ance Moisturizing Cream
V Love_Anti Ance Moisturizing Cream
V Love_Anti Ance Moisturizing Cream

V Love_Anti Ance Moisturizing Cream

🤔ဝက်ခြံအရမ်း ထွက်ပီး ချိုင့်ခွက် ကျန်ခဲ့လို့ ဘာသုံးသုံးပြန်မပြည့်လားဘူး ဝက်ခြံကလည်း ထွက်နေတုန်းဆို ဒါလေး သုံးကြည့်ဖို့ပြောပါရစေ🤗

VLove Anti-Acne Moisturizing Day&Night Cream
☑️ Alcohol Free
☑️ Pataben Free
☑️ Synthetic Colots Free

🔘ဝက်ခြံဖု အဆီဖုတွေသက်သာစေတယ်
🔘အသားရေကို နုညံ့ ချောမွေ့စေခြင်း
🔘လျင်မြန်စွာ စုပ်ယူရလွယ်ကူခြင်း။
🔘အရေပြားအစိုဓာတ်ကို ထိန်းညှိပေးသည်။
🔘ချွေးပေါက်ကျဉ်းခြင်း။
✔️Sensitive Skin အသားရေပါလိမ်းလို့ ရတော့ အရေပြားအတွက်ပါ ယုံကြည်စိတ်ချလို့ရပီပေါ့

တခါသုံးကြည့်ရုံနဲ့ တသက်လုံးကြိုက်သွားစေမယ့်
Anti-Ance Moisturizing Cream

ဒါကြောင့်
📢 အသားရေ ဘာမှမလိမ်းထားရင်တောင် ကြည်ကြည်လေးနဲ့ စိုစို ပြောက်ပြောင်လေး လှချင်တယ်ဆိုတဲ့သူတွေ အတွက်

♥ Moisturizing Cream လေးကိုသုံး ဝက်ခြံဖု အဆီဖု ထွက်တာ သက်သာလျော့ပါးစေတယ်
♥ အရေပြားခြောက်သွေ့ မွဲ့ခြောက်တာ ဖယ်ရှားပေးလို့ အသားရေကို ကြည်ကြည်လေးနဲ့ လှနေစေမှာ

တစ်ဗူးထဲနဲ့ Day & Night 2 မျိုးလုံး လိမ်းလို့ရတယ် Sensitive အသားရေပါလိမ်းလို့ ရတော့ သိပ်မိုက်တာပေါ့ 🥰

.................................

Moisturizer လိမ်းပါ
အဆင့်မကျော်ပါနဲ့ဘာကြောင့်လိမ်းခိုင်းရလဲဆိုတာ အသေးစိတ်သိချင် သေချာလေးဖတ်ကြည့်ပါ

Moisturizer ဆိုတာ skincare routine တခုမှာ vital step ဖြစ်ကြောင်းတော့ အားလုံးသိပြီးသားဖြစ်မှာပေါ့နော်။ ဒါပေမဲ့ moisturizer မသုံးရင် နောက်ဆက်တွဲဘာဆိုးကျိုးတွေဖြစ်လဲရော သိထားကြလား? မသိသေးဘူးဆိုရင် Nyi ဒီနေ့ရေးတဲ့ post လေးကို ဖတ်ကြည့်ဖို့လိုပါပြီ။ Moisturizer မလိမ်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး 5ချက်ကို ပြောပြချင်ပါတယ်...

Moisturizer မလိမ်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး 5ချက်📌

📌1. စိုစိုပြေပြေမရှိဘဲ အသားအရေက မွဲခြောက်ကြမ်းတမ်းမယ်💦
Moisturizer ဆိုတာ skincare routine ထဲမှာ powerful အဖြစ်ဆုံး hydrating step ပါ။ ရေဓာတ်ကိုပေးရုံတင်မဟုတ်ဘဲ skin ကနေ evaporate မဖြစ်အောင်ပါ lock လုပ်နိုင်လို့ အသားအရေအတွက် အစိုဓာတ်သေချာရချင်တယ်ဆိုရင် moisturizer ကို လုံးဝ skip မလုပ်သင့်ဘူးနော်။ တချို့ကျ moisturizer လိမ်းရင် အဆီပြန်လို့၊ အဖုထွက်လို့ စသဖြင့် reason တွေပေးကြပေမဲ့ အဲ့ဒါတကယ်တမ်း ကိုယ့် skin type နဲ့ကိုက်ညီတာမျိုး မရွေးတတ်သေးလို့ပါ။ အကယ်၍ ကိုယ်က moisturizer မလိမ်းဖြစ်ဘဲ toner, serum ‌အဆင့်ထိပဲ လိမ်းတယ်ဆိုရင် သူတို့က moisturizer နဲ့တန်းတူ hydration ပေးနိုင်ရင်တောင် moisture loss ဖြစ်တာကိုတားဖို့ မစွမ်းတဲ့အတွက် ရေရှည်မှာ skin က moisture မလုံမလောက်ဖြစ်ပြီး စိုစိုပြေပြေမရှိတာမျိုး, မွဲခြောက်ပြီး ကြမ်းတမ်းလာတာမျိုး ကြုံရနိုင်ပါတယ်။

📌2. ပုံမှန်ထက် အဆီပိုပြန်မယ်💦
ဒါကတော့ အဆီပြန်တာတခုတည်းနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်နေမိတဲ့သူတွေအဖို့။ အရေပြားမှာ water-oil balance ဆိုပြီး ရှိတယ်နော်။ ကျန်းမာသန်စွမ်းတဲ့ အသားအရေတခုက အဆီဓာတ်ရေဓာတ်မျှတနေဖို့ လိုပါတယ်။ အဲ့လိုမဟုတ်ရင် မျက်နှာက အဆီပြန်လိုက်အသားခြောက်လိုက် ဖြစ်နိုင်သလို ရေဓာတ်နည်းနေရင်လဲ မျက်နှာက အဆီဂလင်းတွေက ပုံမှန်ထက်ပိုပြီး အလုပ်လုပ်တဲ့အတွက် အဆီပိုပြန်ရပါတယ်။ ဒါကြောင့်မလို့ Nyi တို့ အဆီပြန်တာကို သက်သာအောင်လို့ဆိုရင် moisturizer ကို မဖြစ်မနေလိမ်းပေးသင့်တယ်နော်။ အကယ်၍ ကိုယ်ကအဆီပြန်လို့ဆိုပြီး oil control products တွေချည်း သုံးနေရင်တော့ အဆီပြန်တာက ဆိုးသထက်ပိုဆိုးဖို့ပဲ ရှိပါတယ်လို့။ အဲ့လို skin တွေအတွက်ဆို Nyi အနေနဲ့ တခြားထက် lightweight moisturizer တခုသုံးကြည့်ဖို့ အကြံပြုပါရစေ။

📌3. ဝက်ခြံအဆီဖု ပိုဆိုးမယ်💦
ဝက်ခြံအဆီဖုဘာကြောင့်ဖြစ်၊ အဆီပြန်လို့ ချွေးပေါက်ပိတ်ပြီးဖြစ်နော်။ အသားခြောက်တဲ့သူက ဝက်ခြံအဆီဖုထွက်တယ်ဆိုတာ အရမ်းကိုရှားတယ်၊ အဓိက မျက်နှာအဆီပြန်တဲ့သူ၊ pore clogging အရမ်းဖြစ်တဲ့သူတွေမှာပဲ ဒီပြဿနာကို ကြုံရလေ့ရှိပါတယ်။

Moisturizer မလိမ်း > အဆီပိုပြန် > အဖုထွက်

အဖုထွက်နေလို့ ပိုဆိုးမှာစိုးလို့ဆိုပြီး moisturizer မလိမ်းတော့ ပိုဆိုးတာပေါ့နော်။ Moisturizer ရဲ့ function က အစိုဓာတ်‌ပေးတာအပြင် အရေပြားရဲ့ natural healing process/recovery rate ကို မြန်စေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတဲ့အသားအရေကို အမြန်ပြန်ကောင်းဖို့ အထောက်အကူပြုတယ်။ ဒါကြောင့် ဝက်ခြံအဆီဖုထွက်နေလဲ moisturizer လိမ်းပေးရမယ်နော်၊ မလိမ်းဘဲနေမယ့်အစား ပေါ့ပါးပြီး စိမ့်ဝင်လွယ်တဲ့ moisturizer မျိုး ရွေးသုံးပေးပါ။

📌4. သုံးတဲ့ skincare တွေ ထိရောက်မှုမရှိဘူး💦
Moisturizer ရဲ့နောက်ထပ်စွမ်းဆောင်ရည်တခုက occlusive function ပါ။ သူက အရေပြားအတွင်းမှာ ရေဓာတ်အပြင် ကောင်းသောအရာတွေကို သိမ်းဆည်းပြီး မကောင်းတဲ့အရာတွေ ဥပမာ - bacteria, ဖုန်မှုန့်နဲ့ အမှိုက်သရိုက်တွေကိုတော့ အဟန့်အတားအနေနဲ့ တားဆီးပေးတယ်။ ဒီမှာ အဓိကပြောချင်တာကတော့ ကောင်းတဲ့အရာတွေကို seal လုပ်ပေးနိုင်တဲ့ သူ့ရဲ့ occlusive property အကြောင်းပေါ့။

ကိုယ်က ရှေ့မှာ တဆင့်ပြီးတဆင့်လိမ်းခဲ့သမျှ skincare တွေရဲ့အာနိသင်ကို အပြည့်အဝလိုချင်တယ်ဆိုရင် moisturizer လိမ်းဖို့က a must ‌ပဲနော်။ Moisturizer မလိမ်းဘဲ toner, serum တွေပဲ လိမ်းနေရင်တော့ အရေပြားမှာ seal လုပ်တဲ့ layer မရှိတဲ့အတွက် ငွေကုန်ခံ အချိန်ကုန်ခံလိမ်းနေပေမဲ့ မထိရောက်တာ အာနိသင်မရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Moisturizer ကို essential step ထဲထည့်ထားတာ အလကားမဟုတ်ပါ၊ လိမ်းသမျှထိရောက်စေဖို့ moisturizer လိုအပ်ပါတယ်။

📌5. Skin irritation ရလွယ်မယ်💦
Skin irritation ဆိုတာ ဘာကိုခေါ်လဲ? Active ingredients ဒါမှမဟုတ် ပြင်းတဲ့ ingredients တွေကြောင့် အရေပြားကို သွားဆွမိသလိုဖြစ်ပြီး skin မှာ inflammation, rash, pimples ထွက်တာတွေကို ခေါ်တယ်ပေါ့နော်။ နောက်ပိုင်းမှာ active ingredients တွေသုံးတာ ပိုတွင်ကျယ်လာတော့ skin irritation တွေလဲ ပိုရလာကြတယ်။ အဲ့ဒီ skin irritation ကို ထိန်းဖို့အတွက် Nyi တို့ အလုပ်သင့်ဆုံးအရာတွေထဲမှာ moisturizer လိမ်းတာလဲ ပါတယ်နော်။ Active ingredients တွေသုံးပြီးတဲ့အခါ ကိုယ်က skin ကိုပြန်ပြီး nourish & hydrate လုပ်ပေးမှ irritation risk နည်းပါမယ်။ Active ingredients သုံးမယ့်သူတိုင်း moisturizer မဖြစ်မနေလိုတယ်။ Moisturizer လိမ်းမှပဲ ကိုယ်သုံးတဲ့ active ingredient ကြောင့် irritating မဖြစ်အောင် ကာကွယ်ရာရောက်သလို benefits ကို အပြည့်ရဖို့လဲ အထောက်အကူဖြစ်ပါတယ်
$5.55