• Serum ဆိုတာ အသားအရေလှပဖို့အတွက် ပါရမီဖြည့်ဖက်ပါ။
• မိန်းကလေးတစ်ယောက်ရဲ့ အလှအပဆိုတာ အဖိုးတန်ရတနာတွေနဲ့ ထပ်တူ တန်ဖိုးကြီးလှပါတယ်။ ဒီလိုတန်ဖိုးကြီးတဲ့ အလှအပတရားကို ရဖို့ဆိုတာ ကိုယ့်ရဲ့အသားအရေလေးကို ထိန်းသိမ်းဖို့ကလည်း အဓိကကျပါတယ်နော်။ ဒီတစ်ခါပြောပြပေးချင်တာကတော့ အသားအရေ ထိန်းသိမ်းတဲ့နေရာမှာ တော်တော်များများ မေ့နေတတ်တဲ့ Serum အကြောင်းပါ။
• Serum ကို အသက်နှစ်ဆယ်အောက် မိန်းကလေးတွေအနေနဲ့ သုံးဖို့မလိုအပ်သေးပါဘူး။ ဘာလို့လဲဆိုတော့ အသက်နှစ်ဆယ်အောက် မိန်းကလေးတွေရဲ့ အသားအရေတွေက ကောင်းပြီးသား ဖြစ်နေတဲ့အတွက် ပုံမှန် Skin Care လုပ်ရင် လုံလောက်ပါတယ်။
• Serumဟာ သေးငယ်တဲ့ မော်လီကျူးလေးတွေနဲ့ပြုလုပ်ထားတာကြောင့် အသားအရေထဲကို အမြန်ဆုံးစိမ့်၀င်နိုင်ပြီး အသားအရေကို အားဖြည့်ပေးပါတယ်။ အသားအရေ ပျက်စီးခြင်းကနေလည်း ကာကွယ်ပေးပါတယ်။
• Serum နဲ့ Moisturizer က မတူပါဘူး။ Moisturizer ကတော့ အသားအရေကို အစိုဓာတ် ထိန်းပေးတာပါ။ Serum ကတော့ အတွင်းပိုင်းအထိ စိမ့်၀င်ပြီး အားဖြည့်ပေးတာပါ။ Toner အပေါ်က Serum သုံးပြီးမှ Moisturizer ကို တစ်ထပ်သုံးမယ်
ဆိုရင် အသားအရေကို အကျိုးကျေးဇူးအများကြီး ရှိစေပါတယ်။
• Serum က အရေးအကြောင်း၊ အမည်းစက်တို့ကို ပျောက်ကင်းသက်သာစေပြီး အသားအရေကို တောက်ပစေပါတယ်။
• ချွေးပေါက်ကျယ်တဲ့သူနဲ့ ၀က်ခြံထွက်တတ်တဲ့သူတွေလည်း Serum ကို သုံးလို့ရပါတယ်။ Serum အများစုက ရေကိုအခြေခံ ထုတ်ထားတာကြောင့် အသားအရေ တော်တော်များများနဲ့ သင့်တော်ပါတယ်။
Serum ရဲ့ကောင်းကျိုးတွေကိုလည်း သိပြီဆိုတော့ ကိုယ့်အသားအရေ၊ ကိုယ့်အသက်အရွယ်အပေါ်မူတည်ပြီး ကိုယ်နဲ့လိုက်ဖက်မယ့် Serum အမျိုးအစားကို ရွေးချယ်အသုံးပြုရင်း ကိုယ့်ရဲ့ အသားအ
ရေကို ထိန်းသိမ်းလိုက်ကြပါစို့နော်။
Credit.
V Love က Serum 3မျိုး ထုတ်လုပ်ထားပါတယ်။
🌵Rose Gold Perfect Serum
✨Brightening Perfecting Serum
💧Pro Acne Moisturizer Serum