မြန်မာ့လက်ရာ အသုတ်ပွဲတိုင်းကို လက်ရာထူးစေမယ့် ပွဲတော်အုပ် လက်ဖက်ပုစွန်ငပိထောင်း
ငံငံစပ်စပ်အရသာကိုမှ ခုံခုံမင်မင်၊ နှစ်နှစ်ခြိုက်ခြိုက် စားသုံးလေ့ရှိကြတဲ့ မြန်မာတို့အကြိုက် အသုပ်တွေကို ပွဲတော်အုပ်ရဲ့ လက်ဖက်ပုစွန်ငပိထောင်း နဲ့ လွယ်လွယ်ကူကူ ပြင်ဆင်စားသောက်နိုင်ပြီနော်
ရှယ် 3 မျိုးပေါင်းစပ်ထားတဲ့
🍃 မြန်မာ့ရိုးရာအစားအစာ လက်ဖက်
🦐 သဘာဝအချိုအရသာအတွက် မပါမဖြစ်တဲ့ ပုစွန်ခြောက်
✨ ထိမိထူးကဲပြီး ရှူးရှဲလေးဖြစ်သွားစေမဲ့ ငါးပိ တို့လို အဓိကပါဝင်ပစ္စည်း သုံးမျိုးလုံးကို ရောသမမွှေထားတဲ့ ပွဲတော်အုပ်ရဲ့ "လက်ဖက်ပုစွန်ငပိထောင်း" လေးပါ
တစ်ခုချင်းစီတောင် အရသာရှိနေတာကို သုံးမျိုးစပ်လို့ ထောင်းထားတဲ့ "လက်ဖက်ပုစွန်ငပိထောင်း" လေးဆိုရင်တော့ ဘယ်လောက်စားမြိန်နေမလဲဆိုတာ တွေးကြည့်ရုံနဲ့ သွားရည်ယိုနေပီဟုတ် 🤤
🥵 ချဉ်ချဉ်ငန်ငန်စပ်စပ်အရသာကိုမှ ထိထိမိမိ စားရစေမဲ့ "လက်ဖက်ပုစွန်ငပိထောင်း" လေးထဲမှာတော့ ဇယန်းလက်ဖက်၊ ပုစွန်ခြောက်၊ ငါးပိ၊ ငရုတ်သီးစိမ်း၊ ရှောက်သီး၊ ပဲဆီသန့်၊ ဆား၊ သကြားစတဲ့ ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး အကောင်းဆုံးထုတ်လုပ်ပေးထားပါတယ် 🤗
ပွဲတော်အုပ်ရဲ့ လက်ဖက်ပုစွန်ငပိထောင်းက -
ထမင်းပူပူလေးနဲ့နယ်ဖက်ပြီး ငပိထမင်းသုပ်လေးပဲ လုပ်စားမလား၊
ချဉ်၊ ငံ၊ စပ် ထိထိမိမိအရသာနဲ့ လက်ဖက်ထမင်းလေးပဲ သုပ်စားမလား၊
အတို့အမြှုပ်လေးတွေနဲ့ပဲ တွဲစားမလား
အလွယ်တကူ ထည့်သွင်းအသုံးပြုပြီး ထမင်းတစ်နပ်ကို ဖန်တီးနိုင်ပါတယ်။
အကောင်းဆုံး ကုန်ကြမ်းများကို အသုံးပြုပြီး သဘာဝအတိုင်း ပုစွန်ခြောက်များများဖြင့် အကောင်းဆုံးဖန်တီးထုတ်လုပ်ထားပါသည်။
ဒါကြောင့် သန့်ရှင်းလတ်ဆတ်စွာ ထုတ်လုပ်ထားတဲ့ ဒီ လက်ဖက်ပုစွန်ငပိထောင်း က ဘယ်လိုလေးပဲလုပ်စားစား အရသာရှိရှိ သုံးဆောင်နိုင်မှာပါနော်
ဒီလိုဆို 3 In 1 အစွမ်းနဲ့ လျှာပေါ်မှာစွဲလို့ ထိမိငြိသွားရအောင် အနံ့၊ အရသာနဲ့ တကယ်ပြည့်စုံတဲ့ ပွဲတော်အုပ်ရဲ့ "လက်ဖက်ပုစွန်ငပိထောင်း" လေး ကို အခုပဲ စားကြည့်လိုက်တော့နော် 😋
# ပွဲတော်အုပ်_လက်ဖက် နှင့် အကြော်စုံ
# ProductofMyanmar