အိမ်မှာဧည့်လာ တည့်ခင်းစရာ
ဗေဒါရွှေကြာ လက်ဖက်ကောင်းလေးနဲ့မှ😍
ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း ဆိုသလို
အိမ်ကို ခင်ရာမင်ရာမိတ်ဆွေ အပေါင်းအသင်းများလာခဲ့ရင် အဆာပြေဧည့်ခံဖို့အတွက်ဆို ဗေဒါရွှေကြာ လက်ဖက်လေးနဲ့က ဧည့်ဝတ်ကျေစေမှာ အသေချာပါပဲ
ဆရာသမား ဘိုးဘွားမိဘများအတွက် မေတ္တာလက်ဆောင် ပေးဖို့အတွက်ဆိုလည်း ဗူးလေး နဲ့ သပ်သပ်ရပ်ရပ် ထုပ်ပိုးပေးထားတဲ့ လက်ဖက်အစုံဗူးလေးတွေ မှာယူနိုင်ပါပြီနော်
🤹♀️အစုံဗူးတစ်ဗူးမှာ ဘာတွေပါလဲဆိုရင်တော့
🏅တကြွပ်ကြွပ် မြည်အောင်ဝါးရမယ့် ကော့ပျံလန်နေတဲ့ ပဲကြော်က နှစ်ဆယ်သား (စေတနာလေးက အဆစ်)
🏅နောက်ပြီး အညွှန့်တလူလူ ဆီတရွှဲရွှဲ နဲ့ (အညွှန့် ရိုးရိုး၊ အညွှန့် အစပ်၊ အထောင်း အစပ်၊ စောင်းလျားသီး လက်ဖက်နှပ်)ကြိုက်နှစ်သက်ရာလက်ဖက်သားလေးက နှစ်ဆယ်သား
🏅ပဲမှုန့်နဲ့အသင့်စားနိုင်တဲ့ ဂျပန်ဂျင်းပြား
နုနုလေးက တစ်ဆယ်သား ဆိုပြီး သုံးမျိုးပါပါမယ်။