Kanote_Yoon
Kanote_Yoon
Kanote_Yoon
Kanote_Yoon
Kanote_Yoon

Kanote_Yoon

ကနုတ်ချစ်သူတို့ဆီမှာ မြန်မာ့ရိုးရာယွန်းထည်ယွန်းပန်းတွေကို မြင်လိုက်တာနဲ့ စိတ်ထဲတစ်မျိုးလေးခံစားမိသွားတာမျိုးဖြစ်ဖူးသူတွေရှိလား။ မြင်လိုက်ရင် စိတ်ထဲအေးချမ်းသွားတာမျိုး၊ ဒါမှမဟုတ် အမြတ်တနိုးသိမ်းထားချင်စိတ်ပေါ်လာတာမျိုး၊ ပိုင်ဆိုင်လိုတဲ့စိတ်ဖြစ်လာတာမျိုး၊ ရင်ဘတ်ထဲကနေ သူ့လိုလို ချစ်ခင်မြတ်နိုးတဲ့စိတ် နိုးကြွလာတာမျိုးပေါ့။ ရိုးရာယဉ်ကျေးမှုကို
ချစ်မြတ်နိုးသူတွေဆီမှာ ဒီလိုခံစားမှုတွေ ရကြလိမ့်မယ်လို့ ယေဘုယျကောက်ချက်ဆွဲနိုင်ပါလိမ့်မယ်။

လူမျိုးစုတစ်စုခြင်းရဲ့ ကွဲပြားတဲ့ယုံကြည်မှုတွေဆိုတာ ဟာလဲ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်တွေ ဖြစ်ပြီး ပုံပြင်တွေ ၊ Physical - အရုပ်တွေကတဆင့် ပြောင်းလဲ လက်ဆင့်ကမ်းကြပါတယ်...

ထိုမှတဆင့် စျေးရောင်းပွဲတော်တွေလို့ တင်စားရမယ့် ဆယ့်နှစ်လရာသီ ပွဲတော်တွေမှာ စုဗူး (သို့) အဆောင် အရုပ်လေးတွေအဖြစ် ရောင်းချကြပါတယ်။

လူကြီးတွေက စီးပွားဥစ္စာတွေ တိုးဖို့ လာဘ်ပွင့်ဖို့ အဆောင်အဖြစ် ဝယ်ယူကြပြီး ကလေးတွေကတော့ မုန့်ဖိုးလေးတွေ စုပြီး လိုချင်တာ ဝယ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်အိပ်မက်လေးတွေနဲ့ ဝယ်ယူခဲ့ကြတဲ့ကစားစရာပါ

ခေတ်တွေပြောင်းလဲလာတာနဲ့ အမျှ ကနုတ်တို့အားလုံးချစ်ရတဲ့ အိုးပုပ် ချ်ုးရုပ်လေးတွေကို အမိုက်စား ကာဗာတစ်ခု အဖြစ် ပြောင်းလဲ ပေးလိုက်ပါပြီ

ကျွန်မတို့ဆီမှာ မြန်မာ့ရိုးရာ ယွန်းထည်၊ ပန်းယွန်းတွေကို Inspired ယူပြီး ပုံဖော်ထားတဲ့ Yoon Collection ကာဗာလေးတွေရှိပါတယ်။ Tempered Glass အမျိုးအစား အနက်ပေါ်မှာ ပန်းယွန်းအသွင်ယူပြီးဖန်တီးထားတာပါ။
အဲဒီပေါ်က အရုပ်တွေဆိုရင်လည်း အထူးသဖြင့် 90s born တွေနဲ့90s နောက်ပိုင်းတွေ ကောင်းကောင်းသိကြမယ့် အိုးပုတ်၊ ချိုးရုပ်၊ ပလုတ်တုတ်၊ မင်္ဂလာဇီးကွက်၊ ဖိုး၀ရုပ်၊
ပစ်တိုင်းထောင်၊ သစ်ကုလားအုပ်၊ ဆင်ရုပ်၊ နွားရုပ်၊ အိုးစည်၊ မန္တလာ စတဲ့ အမှတ်ရစရာချစ်စရာပုံလေးတွေကို ပုံဖော်ပေးထားတာပါ။ 😍😍😍
အသုံးပြုထားတဲ့ Material ကတော့ အနက်ရောင် TPU အပျော့သားပေါ်မှာ ရွှေရောင် ကနုတ်များနှင့်အတူ အလှပုံဖော်ထားပါတယ်။

သင့်ဖုန်းကာဗာကို ယွန်းအလှနဲ့အပြောင်းအလဲလုပ်ချင်ရင်တော့ ကနုတ်ကာဗာက အဆင်သင့်ပါပဲရှင့်။

iPhone 12 Mini
iPhone 12/ 12 Pro
iPhone 12 Pro Max

#Kanote
#ProductOfMyanmar
#မြန်မာ့အမွေအနှစ်မှကမ္ဘာ့အမွေအနှစ်သို့