Kanote - ကနုတ်တို့ လူသားတွေဟာ တစ်ခုခုလစ်ဟာနေသလို အမြဲခံစားရပြီး အချိန်တိုင်း ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းလေးကို ရှာဖွေနေကြရပါတယ်. . .
ထူးဆန်းတာက ကိုယ်ရှာဖွေနေတာတွေကလည်း ကိုယ့်ကို ပြန်လည်ရှာဖွေနေကြတယ်ဆိုတာပါပဲ ။ ဘာလို့ဆို ကိုယ်ကလည်း သူတို့တွေရဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်ပြီး တစ်ခုတည်းအဖြစ် ပြန်လည် ပေါင်းစည်းကြရမှာမလို့ပေါ့ ...
အဲ့ဒီလို နှစ်ခု ပြန်လည်ဆုံစည်းတဲ့ အခိုက်အတန့်လေးတွေကပဲ ဘဝရဲ့ ဆန်းကြယ်တဲ့ ဖြစ်ရပ်လေးတွေပေါ့ရှင်
ရှေးရေစက်ကို ယုံကြည်တယ် ၊ ဆန်းကြယ်တဲ့ ဆုံစည်းမှုလေးတွေကို နှစ်သက်တယ် ဆိုရင်တော့ ချစ်စရာ ဆုံစည်းမှုလေးတွေကို ကိုယ်စားပြုတဲ့ Pathein Mystery လေးက ပုသိမ်ထီးပိုင်ရှင်လေးတွေကို ရှာပုံတော် ဖွင့်နေပါပြီ
အနီရောင်ပိတ်သားစပေါ်မှာ အသေးစိတ်လက်ဝင်အောင် ဖန်တီးထားတဲ့ လက်ရာလေးကို ထိတွေ့ရသလိုမျိုး အနုစိတ် သေသပ်လှပစွာ ဖန်တီးထားပါတယ်
ကနုတ်က အသေးစိတ် ဖန်တီးထားတဲ့ Pathein Mystery ဟာ မဟာဆန်မှု ၊ အမွေအနှစ်တန်ဖိုးနဲ့ ခေတ်ဆန်မှုတွေပေါင်းစပ်ပြီး မြန်မာ့ယဥ်ကျေးမှုကို ပြန်လည်ဖော်ထုတ်တာမို့ Vintage Modern ကူးလူးနေတဲ့ လက်ရာတစ်ခုအဖြစ် ချစ်စရာကောင်းခဲ့တာပါ။
Available Models -
iPhone 6+, 7+, X, XM, 11, 11Pro, 11PM, 12, 12PM
Samsung A32, A52, A72
SAMSUNG
A series - A51, A71, A32, A52, A72
S series - S20Ultra, S21, S21Plus, S21 Ultra
Note series - Note 9, Note 10 Plus
#Kanote
#ProductOfMyanmar
#မြန်မာ့အမွေအနှစ်မှကမ္ဘာ့အမွေအနှစ်သို့