"𝐄𝐯𝐞𝐫𝐲 𝐆𝐢𝐫𝐥 𝐧𝐞𝐞𝐝𝐬 𝐚 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐢𝐯𝐞 𝐁𝐨𝐲𝐟𝐫𝐢𝐞𝐧𝐝
တစ်စုံတယောက်ကတော့ ကိုယ့်ရဲ့အမှားတွေကို နားလည်ပြီး ကိုယ့်ကို ပိုပြီးချစ်စရာကောင်းအောင် ပြုပြင်ပေးမှ ဖြစ်တော့မယ်။ ကိုယ်ဟာ ဆိုးတော့ ဆိုးပေမယ့် အချစ်တွေနဲ့ ပြုပြင်ပေးမယ်ဆို လမ်းကြောင်းမှန်ပေါ် မလွဲမသွေရောက်လာမှာပါ ဆိုတာကို ပေါ်လွင်စေဖို့အတွက် ရှေးနှစ်ပေါင်းများကတည်းက ရှိနှင့်ပြီးသား Supportive Love Story တစ်ခုဖြစ်တဲ့ မာဃလုလင်နဲ့ သူဇာ တို့အကြောင်းကို အမိုက်စား "မာဃ + သူဇာ" ကာဗာတွေအဖြစ် ပြန်လည်အသက်သွင်းထားပါတယ်။
အားလုံးကြားဖူးပြီးသား ဒဏ္ဍာရီပုံပြင်ဟောင်းလေးရဲ့ အနှစ်ချုပ်ကတော့ ၊ သိကြားမင်းဦးမာဃတစ်ယောက် သူဇာ့ကို ငှက်အဖြစ်ကနေ အတုရာနတ်မင်းကြီးရဲ့ သမီးဖြစ်လာသည်အထိ အမျိုးမျိုးကြံဆောင်ပြီးမှ မိဖုရားခေါင်ကြီးအဖြစ် တာဝတိံတာနတ်ပြည်သို့ ခေါ်ဆောင်သွားရပုံအကြောင်းပါ ။
အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုထားပြီး ခါတိုင်းသစ်သားကာဗာတွေနဲ့မတူပဲ ပထမဆုံးအကြိမ်အဖြစ် ၊ 3D ဖောင်းကြွဒီဇိုင်းမျိုး အနုစိတ် သပ်သပ်ရပ်ရပ် ဖန်တီးထားသည့်အတွက် မတူကွဲပြားတဲ့ Premium Hand Feel မျိုးပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။
ဒါတင်မျှမကသေးပဲ ၊ iPhone 13/13 Pro နဲ့ 13 Promax ဖုန်းတွေအတွက် ၊ Magsafe Support တဲ့ Wooden Cover တွေပါ ထပ်မံရွေးချယ်နိုင်ပြီး ၊ Magsafe နဲ့ အားသွင်းတာ ၊ Anker 610 Magnetic Phone Grip စတဲ့ အမိုက်စား Accessory တွေကို အသုံးပြုတာတွေကို လုပ်ဆောင်နိုင်ဦးမှာပါ။
အမျိုးသားပဲ ဖြစ်ဖြစ် ၊ အမျိုးသမီးပဲဖြစ်ဖြစ် အနားမှာ မဟာဆန်တဲ့ အနုပညာလက်ရာတစ်ခုရှိနေသင့်တယ်ဆိုတာလက်ခံရင် ခေတ်မှီဆန်းပြားတဲ့ မာဃ + သူဇာ သစ်သားကာဗာလေးတွေကို ရွေးချယ်နိုင်ပါတယ်နော်
#Kanote
#ProductOfMyanmar
#မြန်မာ့အမွေအနှစ်မှကမ္ဘာ့အမွေအနှစ်သို့