image

Kanote_အမှတ်တရ မြန်မာ

$5.55

အမှတ်တရ မြန်မာ တဲ့...

ခမ်းနားမှုတွေအပြည့်နဲ့ နန်းဆန်လွန်းလှတဲ့ မြန်မာပြည်ရဲ့အထင်ကရနေရာတွေကိုစုစည်းပုံဖော်ထားတဲ့ ကနုတ်ရဲ့အနုသုခုမလက်ရာ ဖုန်းကာဗာလေးတစ်ခုပေါ့...

ဟိုး... မြန်မာပြည် အထက်ပိုင်းကနေ အောက်ဖျားပိုင်းအထိ၊ တောင်ပိုင်းကနေ အလယ်ပိုင်းဒေသတွေအထိ နာမည်ကျော်ကြားလွန်းတဲ့ Public Place တွေကို တစ်နေရာတည်းမှာ မြင်တွေ့ခွင့်ရအောင် ဖန်တီးစီခြယ်ထားတဲ့ ကနုတ်ရဲ့ကိုယ်ငွေ့နွေးနွေးလေးတစ်ခုပေါ့...

နေအထွက်မှာတင် လှပနေတဲ့ မြန်မာပြည်အထက်ပိုင်းက စိမ်းညို့ရောင်တောင်တန်းတွေရယ်၊ ကိန္နရာမြေက လှေကားထစ်စိုက်ခင်းတွေရယ်၊ ဖားစည်မြေက ဇွဲကပင်တောင်တန်းကြီးရယ်၊ ရာမညမြေက ဆံတော်ရှင်ကျိုက်ထီီးရိုးရယ်၊ အင်တိုက်အားတိုက်နဲ့ လှေငယ်လေးကိုကူးခတ်နေတဲ့ အင်းသားလေးနဲ့အင်းလေးကန်ပုံရိပ်တို့က အမှတ်တရ မြန်မာ" ရဲ့ နှလုံးသားမြေပုံလေးတစ်ခုလို့ ဆိုချင်စရာအတိ...

မြန်မာပြည်အလယ်ပိုင်းက မန္တလေးရွှေမြို့တော်ရဲ့ နန်းမြို့ရိုးကျုံးကြီးရယ်၊ ရာဇဝင်တွေအများကြီးနဲ့ အံ့မခန်းလှတဲ့ ပုဂံမြို့ကစေတီပုထိုးတွေရယ်၊ ချစ်သူနှစ်ဦး တူယှဥ်တွဲပြီး ချစ်စကားတွေဖွဲ့နွဲ့လို့ကောင်းတဲ့ အမရပူရဌာနေက ဦးပိန်တံတားရယ်၊ ညနေခင်းတွေမှာ အဖော်အပေါင်းတွေနဲ့ လူစုံတက်စုံချီတက်လို့ကောင်းတဲ့ စစ်ကိုင်းတံတားကြီးရယ်က အဝေးရောက်နေသူတွေအဖို့တော့ အမှတ်တရတွေအပြည့်နဲ့ လွမ်းငွေ့ဝေစရာအတိ...

နောက်ပြီး ရန်ကုန်မြို့ကြီးရဲ့ခမ်းနားလှတဲ့ နာမည်ကျော်
ကိုလိုနီခေတ်ကအဆောက်အဦးတွေရယ်၊ မြို့ပြလူနေမှုစနစ်ကိုပုံဖော်ထားတဲ့ အထပ်မြင့်တိုက်ကြီးတွေရယ်၊ ဆုတောင်းပြည့် ရွှေတိဂုံရယ်၊ တစ်ခေတ်တစ်ခါဆီက လေးဘီးကားနဲ့ ထမ်းရွက်သည်လေးတွေရယ်၊ လူကူးမျဥ်းကြားတွေရယ်ကလည်း မဟာရန်ကုန်သူ/သားတွေအရဲ့ ပန်းချီကားတစ်ချပ်ရယ်လို့ ဆိုချင်ဖွယ်ရာအတိပါပဲ

အခုလို.. ကနုတ်ရဲ့"အမှတ်တရ မြန်မာ" ကာဗာလေးက အဝေးရောက် ရွှေမြန်မာတွေအတွက်၊ ခရီးသွားဝါသနာရှင်တွေအတွက် သင့်တော်သလို၊ မြန်မာပြည်ကိုချစ်တဲ့အသိမိတ်ဆွေတွေကို လက်ဆောင်ပေးဖို့လည်း အဆင်ပြေစေနိုင်တဲ့ မြန်မာ့ယဥ်ကျေးမှုလက်ရာ အမှတ်တရပစ္စည်းလေးတစ်ခုပါပဲနော်

# Kanote
# ProductOfMyanmar
# မြန်မာ့အမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်သို့